|
![]() |
ီရည်းစား စာလေး ကိုဖတ်ကြည့်လိုက်ပါဦး သူငယ်ချင်းတို့ရေ … ဒါက ကောင်လေး
တစ်ယောက်က သူ့ချစ်သူ ကောင်မလေးဆီကို ပို့တဲ့ စာလေးပါ …… ကောင်မလေးအဖေက
သူတို့နှစ်ယောက်ကို သဘောမတူဘူးလေ…. သူတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းကို
ခွဲဖို့ ကြိုးစားနေတယ်ပေါ့ …. ကောင်မလေးဆီရည်စားစာ ပို့ရင်လည်း သူမ အဖေ က
ကြားကနေ ခိုးဖတ်ဦးမှာ သိနေတယ်…….. ဒီတော့ ဘယ်လိုလုပ်ရမလဲ …..
မတတ်နိုင်ဘူးလေ… အဖေအကြိုက်ရေးပေးရမလား??? ချစ်သူလေးအကြိုက်
ရေးပေးရမလား????ကောင်လေးတွေရေ …ဒီလိုအခြေအနေမှာဆို ဘယ်သူ့အတွက်ရေးမလဲ???ကောင်မလေးတွေရော …… ဒီလိုစာမျိုး ကိုယ့်ချစ်သူက ကိုယ့်အတွက်ပေးတယ်ဆိုဘယ်လိုခံစား ရမလဲ ဟုတ်သော်ရှိ.. မဟုတ်သော်ရှိ… ကဲ …
အရင်ဖတ်ကြည့်လိုက်ပါဦးနော်…..
၁. ကောင်မလေးရေ …. နင့်အတွက် ဖြစ်တည်တဲ့ ငါ့ရဲ့ ချစ်ခြင်းတွေက
၂.သေဆုံးသွားပြီဟာ… နင့်အပေါ်မချစ်မနှစ်သက်မှုတွေကသာ
၃. နင့်ကို တွေ့ရတဲ့ နေ့ရက်တွေတိုင်းမှာ ပိုပို တိုးပွားလာတယ်
၎. နင့်မျက်နှာကို တောင် မကြည့်ချင်လောက်အောင် ဖြစ်နေပြီကွာ
၅.ငါ အဖြစ်ချင်ဆုံးတစ်ခုတည်းသောဆန္ဒက
၆. (နင့်ကလွဲပြီး) တခြားမိန်းကလေးတွေကို ပဲကြည့်နေချင်တော့ တယ် ….ငါဘယ်တော့မှ မလုပ်ချင်တဲ့အရာကတော့
၇. နင့်ကို လက်ထပ်ရမှာကိုပါ… ငါတို့နောက်ဆုံးတွေ့ဖြစ်ကြတဲ့အခေါက်ပြောခဲ့တဲ့စကားတွေက
၈. တော်တော်ကိုစိတ်ပျက်ဖို့ကောင်းတယ်ကွာ…. ကောင်မလေး …ငါဘဝမှာသေဆုံးသွားတဲ့အရာက
၉. နင့်ကို အမြဲတွေ့ချင်တဲ့ မျှော်လင့်ခြင်းတွေပဲလေ…..
၁၀. မင်းက မင်းအဖို့ပဲသိတဲ့ သူ
၁၁. တကယ်လို့သာ ငါတို့လက်ထပ်မယ်ဆိုရင်… ငါသိတယ် ငါတွေ့ရမယ့်
၁၂. ဘဝရဲ့ ခက်ခဲခါးသီးမှု… သေဆုံးနိုင်မယ့်
၁၃. ပျော်ရွှင်ခြင်းတွေ ..(မင်းနဲ့ အတူတူနေရင်းနဲ့ပေါ)့ .. ငါနှလုံးသားထဲကတစ်ခုတည်းသောအချစ်
၁၄. နင့်အတွက် လုံးဝ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အသိ ကိုပဲ
၁၅. နင့်ကို ထာဝရ ပေးချင်တယ်… ဘယ်သူကမှ နင့်လောက်
၁၆. မမိုက်မဲဘူး ..တစ်ကိုယ်ကောင်မဆန်ဘူး …ပြီးတော့ နင်
၁၇. ငါ့ ကို ဂရုမစိုက်ဘူး .. မကူညီနိုင်ဘူး
၁၈. နင် အရိုးရှင်းဆုံး နားလည်ထားဖို့က
၁၉. ငါ အမှန်တွေကိုပဲ ပြောတတ်တယ် ကောင်မလေးရယ် …ဒီတော့ ကျေးဇူးပြုပြီးငါ့ကို ကူညီပါ….
၂၀. ငါတို့ဇာတ်လမ်းပြီးဆိုတာကို နင့်သိနေပြီဆိုမှတော့ ထပ်တွေ့ရဖို့..စာတွေပို့ဖို့ .. မကြိုစားပါနဲ့တော့ဟာ….
၂၁. နင်ရဲ့ပြန်စာတွေထဲက စကားလုံးတိုင်းဟာ
၂၂. ငါ့အတွက် စိတ်ဝင်စား ဖို့ လုံးဝမကောင်းတော့ဘူး …မင်းမှာမရှိနိုင်တဲ့အရာက
၂၃. ငါမျှော်လင့်တဲ့ အချစ်စစ် စစ် တွေ ပဲ ကောင်မလေးရေ… …အကြွင်းမဲ့ယုံပါတော့ကွာ ….
၂၄. ငါ နင့်ကို ဘယ်လိုမှ ခံစား လို့မရဘူးတော့ဘူးဆိုတာကိုပေါ့...ကျေးဇူးပြုပြီး
ဆက်တွေး မနေနဲ့ဦးနော်
၂၅. ဘာတွေဘယ်လိုဖြစ်ဖြစ် ငါက မင်းရဲ့ ချစ်သူ အဖြစ် ရှိနေသေးတယ်လို့ … Bye …
သိပ်ဆိုးတဲ့ စာဆိုပြီး .. စိတ်ဆိုးမယ် မကြံနဲ့ လေကွယ် …… ဟဲဟဲ
ကောင်လေးက စာမပေးခင် ကောင်မလေးကို ပြောခဲ့ပါတယ် …"မ"ဂဏန်းကျတဲ့ စာကြောင်းတွေပဲ ဖတ်ပါတဲ့ (၁. ၃. ၅. ၇. ၉. ၁၁. ၁၃. ၁၅. ၁၇.၁၉. ၂၁. ၂၃. ၂၅)
အဲဒါတွေက ကောင်မလေးအတွက် ပေါ့ …..ပြန်ဖတ်လိုက်ပါဦး ….ဘယ်လောက်ချိုတဲ့ အချစ်တွေလည်းဆိုတာ သိသွားအောင်……နှစ်ခါဖတ်ရလို့ စိတ်မဆိုး ရဘူးနော်… အလွတ်ရအောင် ကျက်တယ်လို့ ပဲမှတ် … တကယ်လို.သူငယ်ချင်းတိုအရေးကြုံလာပြီးဆိုရင်ဖြိုးလေးပြောတဲ.ဒီနည်းလေးကိုသုန်းကြည်ပေါ.နော
မှတ်ချက်..သူခယ်ချင်းများအတွက် fwd mail မှ ကူးယူပြသည်...bye bye..
|
![]() |
၁- ချီးကြူးပါ၊(မြှောက်သင့်လျှင်မြှောက်၊ ပြန်ဖမ်းဖို့မမေ့ပါနဲ့ )။
၂- ကြင်နာစွာနမ်းပါ။(အဝေးရောက်နေရင်တောင် ယင်ကောင်အနမ်း(flykiss) လေးပေးပါ)။
၃- ဂရုစိုက်ပေးပါ။( ကျီးထိုးထိုး၊ ခွေးစားစား ပစ်မထားပါနဲ့)။
၎- ပျော်အောင်ထားပါ။( ဟာသာများများဖတ်၍ ရယ်စရာပြောပါ။ မရယ်လျှင် ကလိထိုး၍ရယ်ခိုင်းပါ...အဲဒါမှမရီသေးဘူးဆိုလျှင်.........)။
၅- သူမ အပေါ်အလေးအနက်ထားပါ၊လေးစားပါ( လေးစားခြင်းဟာ သုံးစားမရသောကြောင့်ဖြစ်သည်၊ ဟန်ဆောင်ပန်ဆောင်လေးပေါ့)။
၆- သူမ အတွက် $ များများသုံးပါ၊( အိမ်မှာ ရေသောက်ဗိုက်မှောက်နေပြီး
စုဆောင်းထားသမျှ ဖွန်ကြောင်ခြင်းတွင်သုံးပါ....ဒါမှမဟုတ် မြန်မာငွေလဲပါ)။
၇- သူမ ကြိုက်တတ်သည့်အစားအစာများကို ကျွေးပါ( စားသောက်ဆိုင်မသွားခင်
မိမိတွင် $ မလုံလောက်ဟုထင်ပါက သူငယ်ချင်းထံမှ လည်ပင်းညှစ်ခဲ့ပါ၊
မိန်းကလေးများ ရှက်လျှင် အစားကြီးသော်ကြောင့်ဖြစ်ဧ။်)။
၈- သူမ အတွက် အမြဲအဆင်သင့်ရှိနေပါစေ၊( ထမင်းဆာတယ်ဆိုလျှင် ခူးပြီးပါပြီ
ဖြစ်နေရမည်.....အဆင်ပြေ၀ါးပါကျွေးပလိုက်..သူသာစားတယ်ဆို၇င်ပေါ့်)။
၉- သူမ စကားကို နားထောင်ပါ၊( ပေါက်သင်ညိုကို အတုယူ၍ အမြဲခေါင်းညိမ့်ပါ၊ ကွယ်ရာတွင် လုပ်ချင်ရာလုပ်ပေါ့)။
၁၀-သူမ ပြောသမျှကို အမြဲထောက်ခံပါ( ဒေါက်ကလေးဆောင်ထားပါ ထောက်ခံပေးလို့၇တာပေါ့)။
၁၁-သူမ အတွက်ဆိုလျှင် ကမ္ဘာအဆုံးထိသွားပါမည်။ ကောင်းကင်ကို ဒူးနဲ့
တိုက်ပါမည်၊ မိုးကြိုးပစ်လျှင် မိုးကြိုးကို ဒိုင်ဗင်ပစ်ဖမ်းပေးမည်ဟု
ကြွေးကျော်ပါ။( တကယ်လုပ်လို့ရတာမှ မဟုတ်ပဲ ၊ တွေးမကြောက်ပါနှင့်)။
ဤကား မိန်းမတို့အား ဆွဲဆောင်နည်းဖြစ်ပါသည်..
|
![]() |
တစ်ခါက...............
ရွာတစ်ရွာရှိတယ် ရွာနာမည်ကတော့သပြေကုန်းတဲ့ အဲ့..ဒါပေ့မယ် သူတို့ရွာကိုတစ်ခြားရွာတွေကခေါ်တာရှိတယ်...
မိန်းမကြောက်ရွာ တဲ့လေ...
အဲ့ရွာမှာရှိတဲ့ယောက်ကျားတွေအားလုံးက မိန်းမတော်တော်ကြောက်ကြလို့လေ...
ဘယ်လောက်များလဲဆိုရင်...အဲ့ရွာမှာရှိတဲ့ ကိုရွှေရိုးဆိုရင်...သူမိန်းမက သူ့ကို
ထမင်းချက်ခိုင်းထားတာ မကြက်သေးလို့ဆိုပြီး ဆူတာ...
ဒူးတွေတောင်တုန်တယ်ဆိုပဲ....
နောက်တစ်ယောက်က သာဂိ...
အောင်မယ်....သူကျတော့ရေထည့်ခိုင်းထားတာ...မထည့်ရသေးလို့
သူ့မိန်းမကသူ့ကိုငေါက်လိုက်တာ
အောင်မလေးဗျာ...သေးတောင်ထွတ်ကျတယ်...မယုံမရှိနဲ့နော်...
အဲ့တစ်နေ့...
သူတို့ယောက်ကျားလေးတွေအားကြီးပဲ ...
ဘာလုပ်တယ်ထင်လဲ..
အစည်းအဝေးလုပ်တာလေ...
ဘာအစည်းအဝေးထင်လဲ...
မိန်းမတွေကိုပြန်တော်လှန်ဖို့တဲ့လေ...
အဲ့မှာခေါင်းဆောင်ရွေးနေတာ....
ရွေးမရသေးဘူး..
အဲ့မှာပဲကင်းစောင့်နေတဲ့ ကောင်လေးက မိန်းမတွေအုပ်စုလိုက်ကြီးလာတယ်လိုပြောလိုက်ရော....
ပုန်းလိုက်ကြတာ....
မြန်လိုက်တာဆိုတာ...
ဘယ်ဟုတ်မလဲ...မိန်းမတွေကသူတို့ ဘာသာ လူစုပြီးဈေးဝယ်ထွတ်တာလေ...
အဲ့ဒါကိုဘာမဆိုင်ညာမဆိုင် ကြောက်နေတာ.....
မိန်းမတွေလဲလွန်သွားရော....အကုန်လုံး အသီးသီးထွတ်လာတယ်....
အဲ့မှာပဲ...
ထူးဆန်းတာကိုသူတို့သွားတွေ့တယ်...
သူတို့နဲ့အတူမပုန်းပဲနဲ့
ထိုင်ခုံမှာထိုင်နေတဲ့လူ တစ်ယောက်လေ...
အဲ့ဒါနဲ့သူတို့လည်းဒီလူ့ကိုခေါင်းဆောင် ခန့်မယ်ဆိုပြီး...
ပြောတာပေါ့..
အဲ့ဒါနဲ့ အဲ့လူကိုသွားပြောတယ်...
ဟေ့လူခင်ဗျားကိုခေါင်းဆောင်ခန့်လိုက်ပြီဆိုတော့...
ဒီလူပြန်မပြောဘူးဗျ..
သေချာသွားကြည့်လိုက်တော့မှ...
လား ..လား......ဒီလူသတိမေ့နေတာ.......
မိန်းမတွေအားကြီးလာတယ်ဆိုတာကိုကြားကတည်းကသတိမေ့နေတာလေ...
ကောင်းရောပဲဗျို့.....။
|
![]() |
တစ်နေ့ hacker forum တစ်ခုမှာ hacker peter ဆိုတဲ့လူကဒီအတိုင်းရေးသွားခဲ့ပါတယ်
" ဟေ့ကောင်တွေ..........မင်းတို့ကောင်တွေကိုငါအမြင်ကပ်နေတာကြာပြီကွ
hacker "Peter" ဆိုတာငါပဲကွ
မင်းတို့ငါ့အကောင့်ကို hack ကြည့်စမ်းပါဦးကွ
တစ်လတောင်အချိန်ပေးလိုက်မယ်...အချိန်ထပ်ပိုယူဦးမလား.. ဟ ဟ
ငါ့အကောင့် က .......................... ပဲကွ ....
အချိန်မရွေးစိန်ခေါ်ပါတယ်...."
..............
ဒါနဲ့ပဲ forum member ၀င်တွေရော admin တွေရောစိတ်တိုကုန်တာပေါ့
မကြာလိုက်ပါဘူး.. admin အဖွဲ့ထဲ က အဲဒီ [email protected] အကောင့်ကို hack နိုင်ခဲ့ပါတယ်...
hack နိုင်ခဲ့တဲ့ admin တစ်ယောက် က....ငါကွ ငါတို့ forum မျက်နှာမငယ်အောင်..အစွမ်းပြနိုင်ခဲ့ပြီ...ငါအဲ့ဒီ [email protected] အကောင့် နဲ့ passwords
ကို forum ပေါ်မှာတင်ထားလိုက်မယ်...member ၀င်တွေရောဂုဏ်ယူရတာပေါ့..ဆိုပြီး..တင်ထားလိုက်ပါတယ်
.........
နောက်နေ့ forum မှာ အဲဒီ hacker peter ကဒီလိုနောက်ထပ်လာရေးသွားပါတယ်
"ကျေးဇူးပဲ ဘော်ဒါတို့...တကယ်တော့ငါ့နာမည် က john ပါ
ငါသိပ် hack ချင်နေတဲ့ ကောင်ရဲ့ အကောင့် က [email protected] ပေါ့
တစ်လတောင်မကြာပဲ hack ပေးလိုက်တဲ့ဘော်ဒါတွေကိုကျေးဇူးပဲကွာ passwords ယူသွားပါပြီ ..
စိတ်တော့မကောင်းပါဘူး....."
|
![]() |
ရူပါကနှင်းဆီဖြူအလား
ချုံပုတ်မဟုတ်ပေမယ့်
တိတ်ဆိတ်မြေရိုင်းတွေလည်းမဟုတ်ခဲ့ဘူး
ပျော်ရွင်မှုတွေလောဘတက်
ခင်မင်မှုတွေကန့်သတ်
ပိတောက်ပန်းပွင့်လန်းစင်ပေါက်ဖွားလို့
တစ်ဦးတစ်ယောက်ပဲချစ်တယ်။
ပြည့်စုံခြင်းဆိုတာမရှိသလို
နှင်းဆီလည်းအမြဲမဖြူနိုင်ဘူး
အရောင်တွေစွန်းတဲ့အခါ
ပစ်ပယ်ကဲ့ရဲ့တော့မှာလား
မတော်တဆမဟုတ်ဘူး
ဝါသနာဆေးစွန်းသွားတဲ့နှင်းဆီကို
အမြင်တွေစောင်းမှာလား။
သန့်ရှင်းတဲ့ဆေးမို့
ပိတောက်တွေလို
တစ်နှစ်တစ်ခေါက်တော့
ဝါပါရစေ။
|
![]() |
ငါးတွေဟာ သွေးအေးတယ်၊
နှုတ်ဆိတ်တယ်။
တိုးတိတ်လွန်းတော့လည်း အဲဒီရင်ခုန်သံကို
မင်း ကြားရလိမ့်မယ် မဟုတ်ပေဘူး။
ကြယ်တွေကို ခူး ခူးပြီး
မင်းကို ပန်ပေးချင်ခဲ့တာပါ…
ဒါပေမယ့်…
အိပ်မက်တွေက ဖိတ်တစ်ဝက် စင်တစ်ဝက်
နွေဦးရက်တွေ ရောက်တဲ့အထိတောင်
မက်ခွင့် မရလိုက်ပါဘူး။
ဆူးတွေများလွန်းတဲ့ ဥယျာဉ်က
ရနံ့ကျတော့ နည်းလွန်းနေခဲ့တယ်။
တစ်နေ့ခင်းလုံး
ကိုယ့်လက်ဖဝါးပေါ် မေးထောက်ပြီး
သစ်သားမီးခြစ်ဆံတွေနဲ့ အိမ်ဆောက်ကြည့်နေခဲ့တယ်…
ငါ ဘာကို စားသောက်ခဲ့ပြီးပြီလဲ???
တစ်ဘဝစာ…
ခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံလေးတင်ပါပဲ။
ဒီအပြင် ဘာမှ မပိုခဲ့ဘူး
ကောင်မလေးရေ…
ငါ ဆိုတဲ့ ကောင်က သွေးအေး
ယဉ်ယဉ်ကျေးကျေးလေးပဲ…
… လွမ်းတယ်။
|
![]() |
သံယောဇဉ်တစ်ခု အခြေတည်ပြီး
ဖြစ်တည်လာတဲ့ အချစ်စစ်တစ်ခု
ခိုင်မြဲလှတဲ့ နှောင်ကြိုးတစ်ခုနဲ့
ရစ်ပတ်မိတဲ့ ငါ့နှလုံးသား . . .
နားလည်မှုနဲ့ တည်ဆောက်ထားတဲ့
ငါတို့နှစ်ယောက်ရဲ့ အိပ်မက်တစ်ခု
ရည်မှန်းချက်တွေ ကိုယ်စီထားရင်း
တည်ဆောက်သွားမယ့် ဘ၀လေး တစ်ခု . . .
ဘ၀ခရီး ကြမ်းတမ်းမှုကို
နှစ်ယောက်အတူတူ လက်တွဲပြီး
ရင်ဆိုင်ရင်းနဲ့ ရှေ့ဆက်မယ် . . . ။
|
![]() |
သူတောင်းစားတစ်ယောက်သည် လူတစ်ယောက်ထံမှ ထမင်းဖိုး ပိုက်ဆံတောင်းလေသည်၊ ထိုအခါ ထိုလူက
“မင်းတစ်ခုခု သောက်မလား ငါ တိုက်မယ်”
“မသောက်တတ်ပါဘူး ခင်ဗျာ”
“ဒါဆိုရင် ဆေးပြင်းလိပ်ကောင်းကောင်း ငါ ဝယ်ပေးမယ် မင်း သောက်မလား”
“ဆေးလိပ်လဲ မသောက်တတ်ပါဘူး၊ ကျွန်တော် တစ်ခုခုပဲ စားချင်ပါတယ် ခင်ဗျာ”
“ငါ မြင်းပွဲ သွားမလို့၊ မြင်းတစ်ကောင်းကောင်းလဲ ရထားတယ်၊ မင်းကို ငါ ပိုက်ဆံပေးမယ်၊ ငါနဲ့ လိုက်ပြီး မြင်းလောင်းပါလား”
“လောင်းကစားလဲ မလုပ်တတ်ဘူး ခင်ဗျ”
“ကဲကွာ ဒါဆိုရင် မင်း ငါနဲ့ညစာ အတူတူ စားဖို့ ငါ့အိမ်ကို လိုက်ခဲ့စမ်းပါ၊ ငါ့မိန်းမကို လူတစ်ယောက်ဟာ အရက်မသောက် ဆေးလိပ်မသောက် လောင်းကစားလဲ ဝါသနာမပါဘူး ဆိုရင် ဘယ်လိုဖြစ်တတ်တယ် ဆိုတာ ပြချင်လို့ပါ”
|
![]() |
သူ့အလာကို
တို့မှာမျှော်ရ၊ကြိုဆိုရသည်
တက်ကြွရွှင်ပျော် ရှိတော့ဧ။် ။
သူထွက်ခွာသော်
တို့မှာညှိုးလျ၊ မရွှင်ပျသည်
ဘ၀ခြောက်သွေ့ရှိတောဧ။် ။
သို့သော် တို့လျှင်
သူရှိစဉ်ဝယ်၊ ချစ်ခင်ကြင်နာ
လက်တွဲပါဧ။် ၊ သူငါအကျိုး
တို့သယ်ပိုးခဲ့
ကြိုးစားဆောင်ကြ၊ မေ့မရသည်
ရင်မှာလွမ်းတ တသသ။ ။
|
![]() |
အမျိုးသားနှစ်ဦးစကားပြောနေကြသည်။
"ရထားနဲ့ပတ်သက်တဲ့မတော်တဆမှုတစ်ခုခုများဇြစ်ခဲ့ဖူးသလား"
"အေး-ကြုံခဲ့ဖူးတယ်။ တစ်ခါတုန်းက ငါစီးတဲ့ရထားကြီးလှိုင်ခေါင်းထဲဝင်သွားတဲ့အခါမှာ
ငါက ငါ့မိန်းမထင်ပြီးဖက်နမ်းလိုက်တာ သူ့အဖေဖြစ်နေပါရောလားဗျာ"