|
သူတောင်းစားတစ်ယောက်သည် လူတစ်ယောက်ထံမှ ထမင်းဖိုး ပိုက်ဆံတောင်းလေသည်၊ ထိုအခါ ထိုလူက
“မင်းတစ်ခုခု သောက်မလား ငါ တိုက်မယ်”
“မသောက်တတ်ပါဘူး ခင်ဗျာ”
“ဒါဆိုရင် ဆေးပြင်းလိပ်ကောင်းကောင်း ငါ ဝယ်ပေးမယ် မင်း သောက်မလား”
“ဆေးလိပ်လဲ မသောက်တတ်ပါဘူး၊ ကျွန်တော် တစ်ခုခုပဲ စားချင်ပါတယ် ခင်ဗျာ”
“ငါ မြင်းပွဲ သွားမလို့၊ မြင်းတစ်ကောင်းကောင်းလဲ ရထားတယ်၊ မင်းကို ငါ ပိုက်ဆံပေးမယ်၊ ငါနဲ့ လိုက်ပြီး မြင်းလောင်းပါလား”
“လောင်းကစားလဲ မလုပ်တတ်ဘူး ခင်ဗျ”
“ကဲကွာ ဒါဆိုရင် မင်း ငါနဲ့ညစာ အတူတူ စားဖို့ ငါ့အိမ်ကို လိုက်ခဲ့စမ်းပါ၊ ငါ့မိန်းမကို လူတစ်ယောက်ဟာ အရက်မသောက် ဆေးလိပ်မသောက် လောင်းကစားလဲ ဝါသနာမပါဘူး ဆိုရင် ဘယ်လိုဖြစ်တတ်တယ် ဆိုတာ ပြချင်လို့ပါ”
Categories: None
The words you entered did not match the given text. Please try again.
Oops!
Oops, you forgot something.